Health Declaration Form
𝐏𝐮𝐛𝐥𝐢𝐜 𝐇𝐞𝐚𝐥𝐭𝐡 𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭𝐬 𝐟𝐨𝐫 𝐓𝐫𝐚𝐯𝐞𝐥𝐞𝐫𝐬 𝐞𝐧𝐭𝐞𝐫𝐢𝐧𝐠 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐭𝐡𝐫𝐨𝐮𝐠𝐡 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐢𝐫𝐩𝐨𝐫𝐭𝐬 𝐚𝐧𝐝 𝐒𝐞𝐚𝐩𝐨𝐫𝐭𝐬
Due to the World Health Organization declared Mpox a Public Health Emergency of International Concern (PHEIC) on 14 August 2024, all travelers arriving in Myanmar are required to complete Health Declaration Cards (HDCs) in accordance with the Ministry of Health (MOH) procedures and submit the cards to the relevant MOH officials before passing through immigration counters.
မြန်မာနိုင်ငံအတွင်း အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် ရေလမ်းခရီး လမ်းကြောင်းများမှ ဝင်ရောက်လာသော ခရီးသည်များအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ Mpox (မျောက်ကျောက်ရောဂါ ကူးစက်မှု) အား နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ (PHEIC) အဖြစ် (၂၀၂၄) ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့တွင် ကြေညာထားသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန (MOH) ၏ လုပ်ထုံးလုပ်နည်းများအရ မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ခရီးသည်များအားလုံးအနေဖြင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ ဖြည့်သွင်းမှု (HDCs) အား ဖြည့်စွက်ပြီး လူဝင်မှုကြီးကြပ်ရေးကောင်တာများအား မဖြတ်သန်းခင် သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းများထံ တင်သွင်းရမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
သိမှတ်ဖွယ်ရာ Mpox (မျောက်ကျောက်) ရောဂါ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ (၂၀၂၄) ခုနှစ်၊ ဩဂုတ်လ(၁၄)ရက်တွင် Mpox (မျောက်ကျောက်)ရောဂါကူးစက်မှုအား နိုင်ငံတကာပြည့်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေငြာခဲ့ပါသည်။
ကူးစက်နိုင်ခြေရှိသည့်နည်းလမ်းများ
- ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံခြင်းမှကူးဆက်ခြင်း၊
- ရောဂါပိုးရှိသူနှင့် အရေပြားနှင့်ထိတွေ့ခြင်း၊ နမ်းရှုံ့ခြင်း၊ ပွေ့ဖက်ခြင်းတို့မှတစ်ဆင့် ကူးစက်ခြင်း၊
- ရောဂါပိုးရှိသူနှင့် မျက်နှာခြင်းဆိုင် အနီးကပ်တွေ့ဆုံခြင်းမှတစ်ဆင့် ကူးစက်ခြင်း၊ (စကားပြောခြင်း၊ အသက်ရှူခြင်း)
- ရောဂါပိုးရှိသူ၏ အနာများ၊ အညစ်အကြေးများနှင့် တိုက်ရိုက်ထိတွေ့မိရာမှတစ်ဆင့် ကူးစက်ခြင်း၊
- ရောဂါပိုးများကပ်တင်ကျန်နေသည့် အသုံးအဆောင်ပစ္စည်းများ၊ မျက်နှာပြင်များကို လက်ဖြင့်ကိုင်တွယ်ထိတွေ့ခြင်းမှတစ်ဆင့် ကူးစက်ခြင်း၊
- မသန့်ရှင်းသော ဆေးထိုးအပ်နှင့် ဆေးရုံသုံးပစ္စည်းများမှတစ်ဆင့်ကူးစက်ခြင်း၊
- Mpox Virus ရောဂါပိုးကူးစက်ထားသော တိရိစ္ဆာန်များနှင့် တိုက်ရိုက်ထိတွေ့ရာမှတစ်ဆင့်ကူးစက်ခြင်း၊
- မိခင်မှကလေးသို့ ကိုယ်ဝန်ဆောင်စဉ်၊ မီးဖွားစဉ်နှင့် မီးဖွားပြီးနောက်တွင်ကူးစက်ခြင်း၊
ရောဂါပျိုးရက်
- ရောဂါပိုးစတင်ဝင်ရောက်ပြီး ၁-ရက်မှ ၂-ရက်အတွင်း ရောဂါလက္ခဿာများစတင်ဖြစ်ပွါားနိုင်ပါသည်။
သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ
- မျက်နှာ၊ ပါးစပ်၊ လက်နှင့် ခြေထောက်၊ ခန္ဓာကိုယ်၊ စအိုဝန်းကျင်နှင့် လိင်အင်္ဂါများတွင် အနီအကွက်များထွက်ခြင်း၊ အရည်ကြည်ဖုများပေါက်ခြင်း၊
- ဖျားခြင်း (>38.5 Degree C)၊
- အကျိတ်များရောင်ရမ်းခြင်း၊
- လည်ချောင်းနာခြင်း၊
- ခေါင်းကိုက်ခြင်း၊ ကြွက်သားများနာခြင်း၊ ကျောအောင့်ခြင်း၊
- မောပန်းနွမ်းနယ်ခြင်း၊
လွန်ခဲ့သည့် ၂၁-ရက်အတွင်း ရောဂါတွေ့ရှိရာနိုင်ငံ/ဒေများမှ ပြန်လည်ဝင်ရောက်လာသူများတွင် အထက်ပါလက္ခဏာများဖြစ်ပွါးလာပါက ကျန်းမာရေးဌာနသို့ ချက်ထျင်းသတင်းပေးပို့ရန်လိုအပ်ပါသည်။
ကာကွယ်နိုင်မည့်နည်းလမ်းများ
- Mpox (မျောက်ကျောက်) ရောဂါလက္ခဏာခံစားနေရသူနှင့် အရေပြားခြင်းထိတွေ့ခြင်း၊ မျက်နှာချင်းဆိုင်အနီးကပ်ထိတွေ့ခြင်း၊ လိင်ပိုင်းဆိုင်ရာထိတွေ့ခြင်းများကို ရှောင်ကြဉ်ပါ။
- အနီးကပ်ထိတွေ့မှုကိုရှောင်လွှဲ၍မရပါက လက်အိပ်ဝတ်ဆင်ခြင်းနှင့် နှာခေါင်းစည်း (Mask) ကိုတပ်ဆင်ပါ။
- သံသယရောဂါလက္ခဏာခံစားနေရသူ၏ အသုံးအဆောင်ပစ္စည်းများကို ကိုင်တွယ်ရာတွင် လက်အိတ်ဝတ်ဆင်ခြင်းနှင့် နှာခေါင်းစည်း (Mask) ကိုတပ်ဆင်ခြင်းကိုပြုလုပ်ပါ။
- လက်ကို ဆပ်ပြာနှင့်ရေ (သို့မဟုတ်) အယ်လ်ကိုဟော ၆၀% အနည်းဆုံးပါဝင်သည့် ရေမလိုလက်သန့်ဆေးရည်ကိုအသုံးပြု၍ စနစ်တကျလက်ကိုဆေးကြောပါ။ လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်လုံးများကို ကိုင်တွယ်ခြင်းမပြုပါနှင့်။
- တစ်ကိုယ်ရေသန့်ရှင်းရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကိုကောင်းမွန်းစေရန် ဆောင်ရွက်ပါ။
- နှာချေ၊ ချောင်းဆိုးသည့်အခါတွင် လက်ကိုင်ပုဝါ သို့မဟုတ် တံတောင်ကွေးဖြင့် လုံခြုံစွာဖုံးအုပ်ပါ။
- အသုံးအဆောင်ပစ္စည်းများ (အိပ်ယာခင်း၊ မျက်နှာသုတ်ပုဝါ၊ အဝတ်အထည် စသည် …)များကို ရေ၊ ဆပ်ပြာဖြင့် စနစ်တကျလျှော်ဖွပ်၍ အသုံးပြုပါ။
- တိရစ္ဆာန်များကို အကာအကွယ်မပါဘဲ မထိတွေ့ပါနှင့်၊ အသားများကို ကျက်အောင်ချက်ပြုတ်စားသောက်ပါ။
Mpox (မျောက်ကျောက်) ရောဂါလူနာနှင့် အနီးကပ်ထိတွေ့ခဲ့ခြင်း (သို့မဟုတ်) ရောဂါသံသယလက္ခဏာများခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပေးပို့၍ လိုအပ်သောစစ်ဆေးစမ်းသပ်မှုနှင့်ကုသမှုခံယူပါ။
ကျန်းမာရေးဝန်ကြီးဌာန
၂၀၂၄-ခုနှစ်၊ ဩဂုတ်လ